18

8.8K 377 46
                                    


Unicode

အင်းလယ်မှာ ရွှေကြာပန်း
ကြာပန်းလေ နှစ်ပွင့်ဆိုင်။
ခူးမယ်လို့ကိုင်၊
ခူးမယ်လို့ကိုင်....(သံရှည်)
မပိုင်တဲ့မောင်က။
အင်းလယ်မှာရွှေကြာပန်း
(မကြီးရယ်)လှမ်းလို့မရ။

ပန်ပါတဲ့ ပန်ပါ။
အရှေ့လေ တောင်ပေါ်ထိပ်
ပန်းရွှေလိပ်ပြာ။
ပန်းရွှေလိပ်ပြာ...(သံရှည်)
ပန်ကြပါ၊ ရွာသူမို့ရပ်သား။
ပန်းလိပ်ပြာ သည်တောင်ကုန်းမှာ
(မောင်ကြီးရယ်) ဖုန်းစိုက်လို့ထား။

၂၀ရာစု           အမည်မသိရှေးစာဆို(အင်းတိုက်တေး)

အင်းလေးဒေသတွင်လူငယ်မောင်ငယ်တို့သည်မျက်နှာချင်းဆိုင်၍တေးကဗျာများကို ရွတ်ဆိုကြသည်။ အပြိုင်ဆိုင်ရွတ်ဆိုကြရာတွင် တုံ့ပြန်၍တေးမချိုးနိုင်သော ဘက်မှအရှုံးပေးရသည်။ အင်းတိုက်တေးရွတ်ဆိုသောအခါ အမျိုးသားများသည်‌ လှေပေါ်တွင်နေရာယူကြပြီး အမျိုးသမီးတို့က အိမ်ပေါ်တွင်နေရာယူကြသည်။

ပွဲလာပရိတ်သတ်တို့သည်လသာကန်ရေပြင်ထက် လှေပေါ်မှနားဆင်ကြသည်။

ထိုပရိတ်သတ်များထဲတွင် ဩဆက်ဆို့မိသားစုနှင့် ခန့်စစ်၊ ဘန်တို့လဲပါသည်။ ဩဆက်တို့နှင့် အလှမ်းမဝေးသောနေရာတွင် ခန့်စစ်နှင့်ဘန်က လှေတစီးဖြစ်သည်။

"သူတို့ဘာဆိုနေကြတာလဲ မိန်းမိန်း"

ဩဆက်အပြောကြောင့် ရတုက ဩဆက်ကို ဘုကြည့်ကြည့်ပြီး

"အင်းတိုက်တေး"

"အော်...မိန်းမိန်းကဘာလို့လိုက်ဆိုနေတာလဲ မဆိုနဲ့ မောင်မကြိုက်ဘူး"

"ငါ့ပါးစပ်နဲ့ငါဆိုတာ မင်းစောက်ပူပါလား"

"မရဘူး မိန်းမိန်းဆိုတာမသိရင် အိမ်ပေါ်ကကောင်မလေးတွေကို ငေးပြီးဆိုပြနေသလိုဘဲ"

"ဘာဖစ်လဲအဲ့တော့"

"မိန်းမိန်းနော်!"

လသာကန်ရေပြင်ထက် ရတုမျက်နှာလေးကလှလွန်းပါသည်။ အပြာရောင်လဲ့နေသောရေပြင်နှင့်အညီ အဖြူရောင်ရှမ်း၀တ်စုံလေးနှင့်လိုက်ဖက်လွန်း၏။ လမင်းကြီး၏အလင်းရောက်အောင် လှေပေါ်တွင်ထိုင်ပြီး အင်းတိုက်တေးကိုကြည့်နေတဲ့ ချစ်ရသူလေးရဲ့အလှက ယောက်ျားပီပီချောလွန်းပါ၏။ မဟုတ်သေးဘူး ဒါကိုလှတယ်ခေါ်မလား...

Mafia Control (Completed)Where stories live. Discover now